ရသေ့တောင်မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ကျင်းပ

 ရသေ့တောင် ဧပြီ ၂

 

ရသေ့တောင်မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီက ရသေ့တောင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ) Community Centre)၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

စာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ် Book Club အသင်း စာရေးဆရာနေမင်း၊ ဦးမောင်စိန်ဝင်း၊ ဦးခိုင်ဇင်ထွန်း၊ ဒေါ်နုစိန်ဖြူ တို့က စာရေးဆရာအောင်သင်းရေးသားသည့် စာအုပ်များမှာ

လူငယ်များအတွက် အသိပညာ ဗဟုသုတများစွာရရှိပါကြောင်းနှင့် လေ့လာမှတ်သားရန်ကောင်းမွန်ပါကြောင်း အမြင်ဖလှယ်ပြောကြားပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာအောင်သင်းရေးသား

သောနှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

 

အဆိုပါပထမအကြိမ် စာဖတ်ဝိုင်းသို့ Book Club အသင်းဝင်များနှင့် စာပေချစ်မြတ်နိုးသူ လူငယ်များ (၂၅) ဦး တက်ရောက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)