ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီး၌ AAအဖွဲ့၏ လေ့ကျင့်ရေး စခန်းတစ်ခု သိမ်းဆည်းရမိ

 နေပြည်တော် ဩဂုတ် ၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ သည် ဩဂုတ် ၂ ရက်နှင့် ၃ ရက် တို့တွင် ခြေရာတော်ကျေးရွာ အနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း နေရာတစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲသုံးလုံး၊ ယူနီဖောင်း နှစ်စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာမြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓားရှစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ တန်းစီကွင်းတစ်ကွင်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ အဆိုပါဝန်းကျင်တစ်ဝိုက်အား နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ဩဂုတ် ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ AA အဖွဲ့မှ ဝှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သား သေနတ် အလက် ၅၀၀ ၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြားအလက် ၆၀ ၊ သံတူးရွင်း ၄၀ ၊ ဓားအချောင်း ၅၀ ၊ ဖုန်း ၁ လုံး၊ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ ၃ အိတ်၊ အခြားအသုံး အဆောင်ပစ္စည်းမျိုးစုံတို့အား ထပ်မံသိမ်းဆည်းရ မိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး